Bead Maze အကြောင်း သိကောင်းစရာ
**************************************
ရေးသားသူ - Dr. IQ (#IQ သင်ထောက်ကူပစ္စည်းဆိုင်)

👶🏻👧🧒🏻ကလေးငယ်တို့အတွက် ရိုးရှင်းလွယ်ကူပြီး အကျိုးကျေးဇူးလည်း များ၊ စိတ်ဝင်စားစရာလည်းကောင်းသော သင်ထောက်ကူပစ္စည်း Bead maze နှင့် မိတ်ဆက်ပေးချင်ပါတယ်။ 🔺Bead maze ဆိုတာဘာလဲ? - Bead maze ဆိုတာ ပေသီးပုံစံ ရောင်စုံ အသီးလေးများကို ဝင်္ကပါ သဖွယ် ရှုပ်ထွေးစွာ ရစ်ပတ်ထားသော သံလမ်းကြောင်း အတွင်း ထည့်၍ တည်ဆောက်ထားသော သင်ထောက်ကူ ပစ္စည်းလေး ဖြစ်ပါတယ်။
🔺Bead maze ၏ အဓိက အကျိုးကျေးဇူးများ
1. Early childhood development
activity လေးက 👩‍🎓ကလေးငယ် အခြေခံ မူလ ဉာဏ်ရည် ဖွံဖြိုးတိုးတက်မှု အဆင့်မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်
2. Fine motor skills (အနုစိတ် ရွေ့လျားမှု)👋🏻
ကလေးများဟာ သူတို့ စိတ်ဝင်စားရာ သစ်သားကွင်းလေးများကို လှမ်းယူ/ ရွှေ့ တဲ့ အခါ လိမ်ထားသော သံ wire များကြားမှ လိမ်ယူ/ လှည့်ယူ / နည်းနည်းစီ ရွေ့ယူ ရသောကြောင့် ကလေးငယ်တို့ လက်ချောင်းလေးများကို သန်မာလာစေပါတယ်။

3. 🌈Color and ⭕️🔸🔹▪️shape perception (အရောင်နှင့် ပုံသဏ္ဍာန် သိမြင်နားလည်ခြင်း)
သစ်သားကွင်းလေးတွေကို တစ်လုံးနှင့် တစ်လုံး အခြေခံအရောင်လေးများ မတူအောင်ပြုလုပ်ထားလို့ ကလေးငယ်များ၏ မျက်လုံးကနေတစ်ဆင့် color perception လို့ခေါ်သော အရောင်များကို ခွဲခြားသိမြင် မှတ်မိနိုင်မှု စွမ်းရည်များ မြင့်မားလာစေပါတယ်။
တစ်ချို့ bead maze သင်ထောက်ကူ ပစ္စည်းလေးများမှာ မတူညီသော shape ( ဥပမာ လေးထောင့်ပုံ ၊ အသီးပုံ၊ အကောင်ပုံ) များကို သီထားတတ်ပါတယ်။ ယင်းမှ shape သင်ယူမှုများလည်း ရရှိနိုင်ပါတယ်။
4. Concentration & Attention 🧐
( အာရုံစူးစိုက်မှုနှင့် စိတ်တည်ငြိမ်မှု)
Bead maze များကို ကစားပေးခြင်းအားဖြင့် ကလေးငယ်တစ်ယောက်၏ အာရုံစူးစိ်ုက်မှု နှင့် စိတ်တည်ငြိမ်မှု များ ပိုမို အားကောင်းလာစေပါတယ်။
အကြုံပြု အသက်အရွယ်
- Toddlers & preschoolers
(၁ နှစ်ခွဲမှ ၆ နှစ်အရွယ်ကြား)

🔺Bead maze တွေမှာ ပြုတ်ထွက်ကျိုးပဲ့စရာ ၊ ထိခိုက်စရာ အချွန်/ အထက် နှင့် ပါးစပ်ထဲ ဝင်စရာ သေးငယ်တဲ့ အစိတ်အပိုင်းများ မပါဝင်လို့ ကလေးငယ်တစ်ယောက် ဆော့ကစားနေရင်တောင် safe ဖြစ်ပါတယ်။
လွတ်လပ်စွာ 👍🏻like & Share လို့ရပါတယ်ရှင့်
#IQ ရဲ့ မိတ်ဆွေများအတွက် ကိုယ်တိုင် သီးသန့် ရေးသားပေးထားခြင်း ဖြစ်တဲ့အတွက် ကူးယူ ဖော်ပြလိုပါက မူရင်းလင့်များကို မဖြုတ်ဘဲ IQသင်ထောက်ကူပစ္စည်းဆိုင်ကို Credit ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်

Photo crd :google