📍ပုံပြင် ဖတ်ပြခြင်း၏ အကျိုးကျေးဇူးများ📍
ရေးသားသူ
-Dr.IQ (#IQသင်ထောက်ကူပစ္စည်းဆိုင်)
(၁) Easily remember - ပုံပြင်ဟာ ကလေးများကို နားဝင်အောင်၊ မှတ်မိလွယ်အောင် အထိရောက်ဆုံး နှင့် အမြန်ဆုံး သင်ပြမှု တစ်ခုပါ။ ပုံပြောပြနှင့် ရှင်းပြလိုက်လျှင် ကလေးတို ့ရဲ ့ စိတ်မှာ အလွယ်တကူ နှင့် မြန်ဆန်စွာ မှတ်မိလွယ်ပါတယ်။
(၂) Enhances listening skills 👂🏻- ကလေးအများစုဟာ စိတ်ဝင်စားမှုနှင့် အချိန်ကြာအာရုံစူးစိုက်တတ်မှု အားနည်းတတ်ကျပါတယ်။ ဒါဟာ လေ့ကျင့် (train )ထားရင်ရပါတယ်။ ပုံပြင်ပြောပြချင်းဟာ ကလေးငယ်၏ စိတ်ဝင်စားမှုနှင့် အာရုံစူးစိုက်မှုကနေ good listener တစ်ယောက် ဖြစ်လာစေပါတယ်။
(၃) Creative and Imagination power: ပုံပြင်နားထောင်ချင်းဟာ ကလေးငယ်၏ စိတ်ကူးပုံဖော်မှု (ဥပမာ ဇာတ်ကောင်၊ ဇာတ်လမ်း၊ နေရာရွေးချယ်မှု ၊ အဝတ်အစား ..စသည်) ကို အားပေးပါတယ်။ လွတ်လပ်စွာစဉ်းစားပြီး အကြံဉာဏ် ဖော်ထုတ်တတ်မှု အလေ့အကျင့် ရရှိစေပါတယ်။
(၄) Broaden horizon: ဗဟုသုတ ပိုမို ရရှိစေပါတယ်။ (ဥပမာ - အီစွတ်ပုံပြင်ဆို သူ ့ခေတ် အခါက ဓလေ့နှင့် ယဉ်ကျေးမှုများ သိနိုင်သလို မြန်မာကျေးလတ်ပုံပြင်များဆိုလည်း တောဓလေ့နှင့် ထုံးတမ်းများ ၊ အသုံးအနှုန်းများ သိရှိနိုင်ပါတယ်) ။
(၅) Better Communication : တစ်ခါတစ်လေ တစ်ချို ့ ကလေးတွေဟာ သူတို ့ စိတ်ထဲမှာ စူးစမ်းလိုစိတ်တွေ ရှိနေရင်တောင် မေးခွန်း မေးဖို ့ဆို ဝန်လေးနေတတ်ကြပါတယ်။ ပုံပြင်ပြောပြခြင်းဟာ ကလေးငယ်ကို မှန်ကန်ဆီလျော်သော မေးမြန်းမေးတတ်ဖို ့ နှင့် အပြန်အလှန် စကားပြောတတ်မှု ကနေ ကလေးငယ်၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုတို ့ ရရှိစေပါတယ်။
လွတ်လပ်စွာ 👍🏻like & Share လို့ရပါတယ်ရှင့်
#IQ ရဲ့ မိတ်ဆွေများအတွက် ကိုယ်တိုင် သီးသန့် ရေးသားပေးထားခြင်း ဖြစ်တဲ့အတွက် ကူးယူ ဖော်ပြလိုပါက မူရင်းလင့်များကို မဖြုတ်ဘဲ IQသင်ထောက်ကူပစ္စည်းဆိုင်ကို Credit ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်
#IQသင်ထောက်ကူပစ္စည်းဆိုင်
#IQLearningandeducationaltoysstore
https://www.facebook.com/IQEducationalToysStore/
Ref from google
Photo crd :google




0 Comments