Science activity for Ages 3 -7

💧ရေသံသရာလည်ပုံ အကြောင်း💦



သားသားမီးမီးတို ့နဲ ့ အတူ လွယ်လွယ်ကူကူနဲ ့ ရှင်းရှင်းလင်းလင်း လက်တွေ ့ပြနိုင်မည့် 🌟Activity လေးတစ်ခုကို #IQ မှဝေမျှပေးချင်ပါတယ်။


ကဲ စလိုက်ကြစို့

(ပုံလေးတွေနဲ့ လည်း တစ်ဆင့်ပြီး တစ်ဆင့် ပြထားပေးတယ်နော်)

- ပထမဆုံး zip နဲ့ ပိတ်လို့ရတဲ့ အိတ် တစ်ခုပေါ်မှာ soft pen နှင့် နေလုံး ☀️၊ တိမ် ☁️၊ ရေအိုင် /သမုဒ္ဓရာ🌊ပုံ ဆွဲပါ။

- ထို့နောက် အိတ်ထဲ ရေဖြည့်💧၊ ထိုရေအရောင်ကို သိသာစွာ မြင်ရအောင် 🔵အပြာရောင် ink ကို နည်းနည်းရောပြီး ရေအပြာရောင်💧ဖြစ်အောင် ပြုလုပ်လိုက်ပါ။

-☀️ နေတိုက်ရိုက်ရသောနေရာတစ်ခုမှာ ထိုရေထည့်ထားသော အိတ်ကို တိပ်နှင့်မြဲမြံစွာကပ်ထားလိုက်ပါ။

ဒီကြားထဲ ပြောင်းလဲမှုတွေကိုလေ့လာကြစို့

-💧 ရေဟာ☀️ နေနှင့်တိုက်ရိုက်ထိတွေ ့တဲ့အခါ ပူလာပြီး ရေငွေ့စပြန်ပါမယ်။

- ရေငွေ့များဟာ ရာသီဥတုပြန်အေးသွားတဲ့အခါ ငွေရည်ဖွဲ့ပြီး အိတ်အပေါ်ဘက်နားမှာ ရေသီးလေးတွေအနေနဲ့တွေ့ရပါမယ်။

- ထိုရေသီးလေးတွေဟာ ရေအဖြစ်တစ်ဖန်ပြောင်းလဲ၍ အိတ်ထဲသို့စီးကျလာပါတယ်။

ဒီ အိတ်ထဲ ရေသံသရာလည်ပုံ 💧သဘောတရားလေးကို အခြေခံပြီး လက်တွေ့  ၌ ရေသံသရာလည်ပုံနှင့် ဆက်စပ် ယှဉ်တွဲ ရှင်းပြပေးနိုင်ပါတယ်ရှင့် ။


သားသားမီးမီးတို့ အတွက်~~

နောက်ပိုင်းလည်း ဒီလို Activity လေးတွေ တင်ဆက်ပေးမှာဖို့ #IQသင်ထောက်ကူပစ္စည်းဆိုင် ကို like လုပ်ထားစို့နော် ~~~

လွတ်လပ်စွာ 👍🏻like & Share လို့ရပါတယ်ရှင့်

(#IQ ရဲ့ မိတ်ဆွေများအတွက် တင်ဆက်ပေးထားခြင်း ဖြစ်တဲ့အတွက် ကူးယူ ဖော်ပြလိုပါက မူရင်းလင့်များကို မဖြုတ်ဘဲ #IQသင်ထောက်ကူပစ္စည်းဆိုင်ကို Credit ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့် )


ရေးသားသူ ; #Dr.IQ(IQသင်ထောက်ကူပစ္စည်းဆိုင်)

27.1.19

Photo ref & crd; Plato and Google