COVID နှင့်အတူယှဉ်တွဲနေထိုင်ရသော ကာလ ရှည်ကြာလာတာနှင့်အမျှ ကျွန်မတို့လူကြီးတွေဟာ social distancing နှင့်ကျင့်သားရလာနေပါပြီ။ သို့ပေမဲ့ ကလေးငယ် တွေ ကရော...???


ကလေးငယ်တို့ရဲ့ တစ်နေ့တာဟာ ကစားခြင်း နှင့်သာ အချိန် အများစုကုန်ဆုံးကြပါသည်။ ဒီ ကစားတယ်ဆိုတဲ့ နေရာမှာလည်း သူငယ်ချင်းတွေနဲ့ အတူပေါင်းဖွဲ့ကစားကြရတာဆိုတော့ ခုလို Covid ကာလရဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်လို အဆင်ပြေပါ့မလဲ 😔

ဒါကြောင့် #IQ က သားသားမီးမီးတို့ social distancing အတွင်းမှာပဲ Indoor + Outdoor ကစားလို့ ရမဲ့ နည်းလမ်းလေးများ ကို ဝေမျှပေးချင် ပါတယ်ရှင့်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

📌Notice ; The images used in this post are not our own and taken from the original sites. We only collect and post for educational purposes and learning activities for our lovely kids 😘. Therefore, our team credited with fully respected to these sites and thanks a lot..
photo credit by google,Pinterest, Original uploaders and websites .

ရေးသားသူ #Dr.IQ (IQသင်ထောက်ကူပစ္စည်းဆိုင်)
15.7.2021
(၁) Science Learning

သိပ္ပံ နဲ့ ဆိုင်တဲ့ သင်ထောက်ကူ ပစ္စည်းများနှင့် သဘာဝ ( Natural Phenomena ) ကို လေ့လာမယ် ။
ဥပမာ - မှန်ဘီလူး ၊ သံလိုက်အိမ်မြှောင် ၊ သံလိုက် 🧲
(၂) Dance Session

ကလေးများသေချာပေါက် သဘောကျ ပျော်ရွှင်စေမဲ့ Activity လေး ဖြစ်မှာပါ။ Baby Online Dance Class များ join လို့ရသလို Internet ကနေလည်း Free Dance Lesson များစွာ ရှိပါတယ်ရှင့်။
(၃) Cooking experience

သင့်ကလေးနဲ့ အတူ ဟင်းချက်ရင်း ပျော်ရွှင်စရာ အချိန်တွေကို ဖန်တီးကြမယ်။ ကလေးတို့အတွက် တစ်ကယ့်ကို အတွေ့အကြုံ အသစ်ဖြစ်တဲ့ အပြင် လုံခြုံစိတ်ချရတဲ့ Social distancing activity လေးဖြစ်မှာပါ။
(၄) Jigsaw puzzle

👶🏻 babyငြိမ်ဆေးလေးပါ😝😝။ jigsaw 🧩 ဆက်ကစားခြင်းတွေကို Online game တွေနဲ့ ကစားလို့ ရသလ်ို offline အရုပ်ဆက် ကဒ်များနှင့်လည်း ဝယ်ယူဆော့ကစားနိုင်ပါတယ် ။
(၅) New Language

သင့်ကလေးကို Covid ကာလအတွင်း ဘာသာစကား အသစ်တစ်မျိုး လေ့လာခြင်းဟာလည်း အချိန်အခွင့်ကောင်းတစ်ခုပါ။
သာသာစကားလေ့လာလို့ကောင်းတဲ့ apps များ- Memrise , Rosette Stone , LinguaLift
(၆) Yoga

Online ကနေ ကလေးတို့ Yoga ကျင့်စဉ်လေးတွေ အတိုင်း လိုက်ကျင့်လို့ရသလို #IQ က တင်ပေးဖူးတဲ့ Post 👉
https://www.facebook.com/558746407853821/posts/1211585879236534/?d=n အတိုင်း လေ့ကျင့်ကစားလို့လည်း ရပါတယ်။

ယောဂကျင့်ခြင်းသည် ကိုယ်ခန္ဓာ ကျန်းမာဖို့ သာမက စိတ်ပိုင်းဆိုင်ရာ အေးချမ်းဖို့ အတွက်ပါ များစွာ အထောက်အကူပြုပါတယ်။



(၇) Art & Craft

ကလေးအတွက် Color paper, cardboard sheets , ကလေးကတ်ကြေး ၊ ရောင်စုံခဲတံများ ၊ ရေဆေး ၊ စုတ်တံ နှင့် တစ်ခြား လိုအပ်သော Art & Craft accessories လေးများ ဝယ်ပေးထားဖို့ လိုအပ်ပါမယ်ရှင့်။

ကြိုက်လျှင်လွတ်လပ်စွာ 👍🏻like & Share လို့ရပါတယ်ရှင့်။
(#IQ ရဲ့ မိတ်ဆွေများအတွက် တင်ဆက်ပေးထားခြင်း ဖြစ်တဲ့အတွက် ကူးယူ ဖော်ပြလိုပါက မူရင်းလင့်များကို မဖြုတ်ဘဲ #IQသင်ထောက်ကူပစ္စည်းဆိုင်ကို Credit ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့် )
💢နောက်ထပ်လည်း ခုလို အကျိုးရှိစေမဲ့ အကြောင်းအရာလေးတွေကို တင်ပေးသွားမှာမို့ IQသင်ထောက်ကူပစ္စည်းဆိုင် page https://www.facebook.com/IQEducationalToysStore ကို See first လေးလုပ်ထားပေးပါနော်😍