ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် Covid – 19 ကာကွယ်ဆေးက စိတ်ချရရဲ့လား


အခုလက်ရှိမှာ မြို့နယ်တော်တော်များများမှာ Covid -19 ကာကွယ်ဆေးတွေ စတင်ပြီး ရနေကြပါပြီ။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းသူတွေရှိသလို ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆင်ခြင်စဉ်းစားဖို့ သတိပေးသူတွေလည်း အများအပြားရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအပေါ်မှာ ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ IQ က info sharing လေးလုပ်ပေးလိုက်ပါတယ်။ 


2021 March လမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာ တွေ့ရတဲ့ antibodies တွေဟာ ကိုဗစ်ရောဂါဖြစ်ပြီးသူတွေမှာ ဖြစ်ပေါ်လာတဲ့ antibodies အရေအတွက်ထက် ပိုများပြားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီ antibodies တွေကို ကိုယ်ဝန်ဆောင်တွေရဲ့ အချင်းကြိုးနဲ့ နို့တိုက်မိခင်တွေရဲ့ နို့ရည်တွေမှာလည်း တွေ့ရတာကြောင့် အမျိုးသမီးတွေက သူတို့ရဲ့ ကိုယ်ခံအားကို ရင်သွေးနဲ့ဝေမျှနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ 


ကိုယ်ဝန်ဆောင်တွေအတွက် ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးသင့်တယ်ဆိုတာကို ပညာရှင်တွေက အတိအကျ မသတ်မှတ်ရသေးပေမယ့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးတဲ့အချိန်နဲ့ ကလေးမွေးဖွားတဲ့ အချိန်ကြားမှာ အချိန်ကြာလေ အချင်းမှာ antibodies တွေ များလေဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကာကွယ်ဆေးကို စောနိုင်သမျှ စောစောထိုးထားတာ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ 


ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကိုယ်ဝန်ဆောင်တွေနဲ့ သာမန်လူတွေအတွက် ခြားနားခြင်းမရှိဘဲ အတူတူပဲဖြစ်တာကြောင့် အများကြီးစိတ်ပူစရာမရှိဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် ကိုယ့်ရင်သွေးလေး ကိုယ်ခံအားကောင်းဖို့အတွက် စိတ်ချရတဲ့ ဆေးရုံဆေးခန်းမှာ ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့ မေမေလောင်းလျာလေးတွေကို IQ က တိုက်တွန်းလိုက်ပါတယ်နော်။ 


နောက်လည်း IQ Page ကနေ မေမေတွေနဲ့ ရင်သွေးတွေအတွက် အသုံးဝင်တဲ့ ဗဟုသတရစရာလေးတွေ တင်ဆက်ပေးသွားမှာမို့ Page ကို like and see first လုပ်သွားဖို့ မမေ့နဲ့နော်။


ကြိုက်လျှင်လွတ်လပ်စွာ 👍🏻like & Share လို့ရပါတယ်ရှင့်။ ❤️ (#IQ ရဲ့ မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးထားခြင်း ဖြစ်တဲ့အတွက် တစ်ခြား Online Platforms များတွင် Copy ကူးယူပြီး အသုံးပြုခြင်းများကို လုံးဝ ခွင့်မပြုပါ။) #IQသင်ထောက်ကူပစ္စည်းဆိုင် #IQLearningandeducationaltoysstore https://www.facebook.com/IQEducationalToysStore/